| Message: |
🖍️📕Why writing development is so Important for Early Years 👶🖍️
ကလေးတွေ စာရေးခြင်းဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးနေတဲ့ အချိန်ဟာ ဘာကြောင့် အရေးကြီးတာလဲ?
✏️📝🖊️🖋️✒️📌📘📗📜💌🪄🎀🎊🎈🎁🪞🧸🔑
ကျွန်မတို့တတွေ ငယ်ငယ်က မိဘတွေ ဆရာတွေ လက်အပေါ်က ထပ်ပြီး စာရေးသင်ခဲ့တဲ့အချိန်ကို လူတိုင်း မှတ်မိကြမှာပါ။ ဒီလိုနဲ့ပဲ ကျွန်မတို့ စာရေးတတ်ခဲ့ကြတယ်လေ။
မျဉ်းလေးကြောင်း လက်ရေးလှလည်း အများကြီးရေးခဲ့ကြတယ်။ တစ်ချို့တွေဆို လက်ရေးလှရေးချိန် လက်ရေးမလှလို့ ရိုက်ခံတာ ကြုံခဲ့ဖူးကြမှာပါ။ ဒါတွေက ကျွန်မတို့ရဲ့ ဘဝအတွေ့အကြုံပါ။ ဒီအတွေ့အကြုံအတိုင်း ကိုယ့်ရဲ့ သားသမီး မြေးမြစ် တပည့်တွေကို ပြန်သင်နေကြတဲ့ မိဘ ဆရာတွေ ရှိနေဆဲပါ။
ကျေးဇူးပြုပြီး ခဏစဉ်းစားလို့ ကိုယ့်ရဲ့သားသမီး တပည့်တွေရဲ့ စာရေးခြင်းကို နည်းလမ်းမှန်စွာ ဖွံ့ဖြိုးအောင် ဘယ်လိုပံ့ပိုး သင်ကြားပေးကြမလဲဆိုတာ လေ့လာကြရအောင်။
ငယ်ရွယ်တဲ့ကလေးတွေကို လက်ချောင်းကြွက်သားသန်မာအောင် လေ့ကျင့်မပေးဘဲ စာကို တန်းပြီးရေးခိုင်းတာ လက်ရေးလှတွေ အတင်းရေးခိုင်းတာဟာ အလွန်မှားယွင်းတဲ့ အယူအဆပါ။ ပုံမှာ ကလေးငယ်ရဲ့ လက်ချောင်းတွေကို ဓါတ်မှန်ရိုက်ထားတဲ့ပုံကို ကြည့်ခြင်းအားဖြင့် ဖွံ့ဖြိုးစ ပြုနေတဲ့ စာရေးဖို့ အဆင်သင့် မဖြစ်သေးတာကို သတိပြုမိမှာပါ။
ကလေးရဲ့ လက်ချောင်း ကြွက်သား ကြွက်သားကြီး ကြွက်သား ငယ်တွေ သန်မာအောင် လေ့ကျင့်နိုင်တဲ့ လုပ်ငန်းများစွာရှိပါတယ်။ ဒါ့အပြင် လက်ရေးမလှလို့ လက်ခေါက်ကို ပေတံနဲ့ရိုက်တာလည်း ကလေးရဲ့ လက်ချောင်းဖွံ့ဖြိုးမှုကို မသိတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေပါ။
👶🖍️👶🖍️👶🖍️👶🖍️👶🖍️👶🖍️👶🖍️
ကလေးတစ်ယောက်ဟာ ခဲတံကိုင်ပြီးစာရေးနိုင်စေဖို့ ( Fine Motor Skills) လက်ချောင်းကြွက်သားကောင်းစေဖို့ ကလေးတွေကို လိုအပ်တဲ့ လေ့ကျင့်မှုတွေ လုပ်ပေးရပါတယ်၊၊
ကလေးတစ်ယောက် ခဲတံကိုင်နိုင်ဖို့ ဆိုတာဟာ သူ့အတွက် အခြေခံ ဖွံ့ဖြိုးမှု စွမ်းရည်ကို ခဲတံမကိုင်နိုင်ခင်အရွယ်မှာ အပြည့်အ၀ရခဲ့ မှသာ သူဟာ ခဲတံကို ကောင်းကောင်းကိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒီစွမ်းရည်တွေဟာ ယျေဘုယျအားဖြင့် ငါးနှစ်၊ ခြောက်နှစ်အရွယ် ရောက်မှ ကလေးခဲတံကိုင်နိုင်တဲ့အရွယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ ကလေးတို့ ခဲတံကိုင်ဖို့အတွက် ကလေးဟာ သူရဲ့ လက်မောင်း၊လက်ဖျံနဲ့ ကျောကုန်း တို့မှာ ရှိနေတဲ့ ကြွက်သားကြီး
တွေ သန်စွမ်းနေဖို့လိုအပ်ပါတယ်။ ဒီလို ကြက်သားကြီးတွေ သန်စွမ်းပါမှ လက်ချောင်းမှာရှိတဲ့ ကြွက်သားငယ်လေးတွေ
သန်စွမ်းမှာပါ။
ခဲတံကိုင်နိုင်ဖို့အတွက် ကြွက်သားသန်စွမ်းရုံ ပဲလား ဆိုတော့ မဟုတ် သေးပါဘူး။ မျက်လုံးရယ်၊လက်ရယ်ကို ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်လို့ ခေါ်တဲ့ (Eye-Hand Coordination) လည်း ဖွံ့ဖြိုးဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးတို့ရဲ့ အာရုံစူးစိုက်မှု စွမ်းရည်လို့ ခေါ်တဲ့ Concentration လည်းအားကောင်းဖို့လုအပ်ပါတယ်။
ကလေးတွေဟာ ဦးနှောက်တစ်ခုလုံး ပြီးပြည့်စုံအောင် ဖွံ့ဖြိုးပြီး မွေးလာတာ မဟုတ်ပါဘူး။မွေးကတည်းက ပါလာတဲ့ ဘီလျံနဲ့ ချီပြီး ရှိနေတဲ့ ဦးနှောက် နြူရွန်ဆဲတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့အတွက် ကလေးအနားကပါတ်ဝန်းကျင်က ကလေးကို လှုံဆော်ပေးဖို့လိုအပ်ပါတယ်။
ကလေးတို့ စာရေးတဲ့အချိန်မှာ လက်ကြွက်သားတွေ မသန်လို့ စာမရေးနိုင်ဖြစ်ရတဲ့ အကြောင်းတွေထဲမှာ ဒီကာလမှာ
ကလေးပြုစုပျိုးထောင်ပုံမှားယွင်းခြင်းတွေကြောင့်လည်း အများကြီးပါပါတယ်။
Pre Writing Skills ဆိုတာဟာ စာရေးတဲ့စွမ်းရည်ကို ရဖို့အတွက် စာမရေးခင် အကြိုလေကျင့်တဲ့ စွမ်းရည်လို့ပဲ ခေါ်ပါစို့။
စာရေးဖို့ အတက် Pre Writing Skills မှာ-
🎈ကလေးဟာ လက်မောင်းလက်ဖျံကြက်သားသန်ရမယ်
🎈လက်ချောင်းကြွက်သား လေးတွေ သန်မာရမယ်
🎈အာရုံစူးစိုက်မှု ရှိရမယ်
🎈မျက်စိနဲ့ လက် တသားတည်းပူးပေါင်းပါဝင်နိုင်တဲ့ Eye-Hand Coordination ရှိရမယ်၊၊
ဒါတွေ ရပြီဆိုတိုင်းကလေးကို ခဲတံ စကိုင်ခိုင်းလို့မရပါဘူး ။ လက်ချောင်းကလေးတွေကို ဆေးနဲ့ လက်ချောင်းပန်းချီ ကစားခဲ့ လေ့ကျင့်ခဲ့ပြီးဖြစ်တဲ့ ကလေးဟာ ရောင်စုံခဲတံ တုတ်တုတ်ကြီး တွေကို လက်ဖ၀ါးထဲမှာ ဆုတ်ပြီးတော့ ရေးရမယ်။
ရေးတဲ့အချိန်မှာ ကလေးရေးချင်တာ ရေးပါလိ့မ်မယ်။ စာရွက်ပေါ် မှာ ရေးတယ်၊ ဒေါင်လိုက်ရေးတယ်။ ခုံအောက်ဝင်ပြီးတော့ ခုံထဲမှာ ပက်လက်နေပြီးရေးတယ်။ အဲလိုတွေ ခြစ်ချင်ရာ ခြစ်ရေးချင်ရာ ရေးခိုင်းရပါမယ်။
ကလေးကို လက်မ ၊လက်ညှိုး၊ လက်ခလယ်ကို သုံးပြီးတော့ crayon ကြီးကြီးကို ကိုင်တတ်အောင်ဆိုတဲ့ အဆင့်ကို ဖြေးဖြေး
ချင်း တတ်လာရပါမယ်။ အဲဒီနေရာမှာ ကလေးကို စာရေးတတ် အောင်လို့ အရောင်ခြယ် လေ့ကျင့်ခန်းလုပ်ခိုင်းတာပါ။
ကလေးဟာ Crayon သုံးပြီးတော့ မျဉ်းလေးတွေကို အပေါ်အောက် ဆက်ရမယ်၊ အောက်ကနေ အပေါ်ကို ဆက်ရမယ်၊
ပြီးတော့ အကွေး၊ အ၀ှိုက် စတာတွေကိုဆက်ဖို့ကိုတော့ ဆက်လေကျင့်ရမှာပါ။
မိဘ၊ဆရာများ အနေနဲ့ တစ်ခုသတိပြုစေချင်တာက စာစရေးတဲ့ ကလေးကို လေ့ကျင့်ပေးတဲ့အချိန်မှာ စာလုံးကြီးကြီး၊ ပုံကြီးကြီး တွေနဲ့ ကျင့်ပေးစေချင်ပါတယ်။ ကလေးတေကို ခဲတံကိုင်ပြီး စာစရေးသင့်တာက ငါးနှစ်ကျော်ခြောက်နှစ်လောက်မှ ရေးသင့် တာပါ။ မိဘများကို အကြံပြုပြောပြချင်တာကတော့ ကလေးကို စာရေးခိုင်းဖို့ မလောပါနဲ့ လို့ပါပဲ။
သူတို့ စာကောင်းကောင်းရေးနိုင်ဖို့ အတွက်ကြွက်သားတွေ သန်မာဖို့ လိုပါတယ်။ ကြွက်သားတွေ သန်မာဖို့အတွက် များများကစားဖို့ ၊ဆော့ဖို့လိုပါတယ်။ ဒါကြောင့်ကစားအရွယ်ကာလမှာ ကလေးတို့ ကစားပါစေ ၊ဆော့ပါစေ၊ ဂျုံးလေး တွေ နယ်ပါစေ၊ သတွေနဲ့ နယ်ပါစေ၊ ဆန်တွေ၊ ရေတွေနဲ့ သွန်မှောက်တမ်း ကစားပါစေ။ ခုန်ပါစေ ၊ပေါက်ပါ စေ၊ ဘောလုံးကန်၊ဘောလုံးပစ် စတဲ့ ကစားနည်းတွေလည်း ကစားပါစေ။ ကလေးကစားနေတာဟာ ကလေးတို့ အတွက် အရေးကြီးတဲ့ အလုပ်ကြီးကို လုပ်နေတာပဲမို့ သူတို့အလုပ်မှာ ကိုယ်က၀င်ပြီး ရှုတ်မိနေသလို မဖြစ်စေဖို့အတွက် သတိထားမယ်ဆိုရင်ဖြင့် သူ့အရွယ်နဲ့သူ စာကို ကောင်းကောင်းရေး
တတ်လာမှာ အသေအချာပင်။
🗝️🩸⏲️🏕️⛺⛱️🎠🏜️🏝️🗺️⛴️🚀✈️🚨🥎⚾🎾🏀
Why writing development is so Important for Early Years
👨👩👦 Every parent wants to help their child learn how to read and write successfully, but when is the right time to teach your preschooler to write?
👩🏫 Well, actually, you shouldn’t be teaching your young child to write at all. Instead, you should be teaching them important foundational skills instead.
🪄The stages of writing development can take on many shapes and stages over time. Writing is a form of communication and expression of ideas that your preschooler will use for a lifetime.
🎊Moreover, a person who train the children should know well the psychological and background conept of specific teaching. The reason is that it is the foundation period and you can't build a great building on a weak foundation. The important thing is that childten've got a strong foundation before they start to write or move next step.
Therefore, parents and teachers need to understand the stages of writing and how it will progress to better encourage your children or preschooler over the next few years.
💌 Play Based Learning🤗🏃♂️🏃♀️🐒
Children prefer dough, fingerpaints, building blocks and threading activities for a long time before becoming really capable or interested in pen/ tool focused handwriting practice. This broader play-based learning, seen through the accumulation of refined fine motor skills, hand-eye coordination, core body strength and postural control, really is creating the foundations handwriting sits upon.
📝How a child holds a pen is a learning process in itself. In terms of grasp, we see children moving through phases of palmar supinate, digital pronate, static tripod and eventually to a dynamic tripod grasp (at 4-6yrs). Children move through these phases gaining overall dexterity at their own pace too.
Children develop writing skills at different rates. As per stages of writing development revealed by Peggy Kaye, there are four stages :
🥇Preliterate stage: Scribbling is good (0 to 2 years)
🥈Emergent stage: Letters appear in writing (2 to 4 years)
🥉Transitional stage: Letters start to become words (4 to 7 years)
🏅Fluent stage: Spelling starts to have meaning (5 to 6 years)
🌍Preliterate stage: Scribbling is good (0 to 2 years)
✏️ The first stage of writing development
✏️ Any scribbling or drawing a child does is writing
✏️ Hold crayon in clenched fist
✏️ Understand that crayons are used for making scribbles
During this stage, applaud any and all attempts to write. Children are developing their fine motor control. Their finger muscles need to be strengthened through activities such as drawing, painting, playing with playdough, etc.
🌍Emergent stage: Letters appear in writing (2 to 4 years)
✏️The second stage of writing development
✏️Draw wavy lines across the page that look like lines of text from a book
✏️Make distinct marks that look like letters and that are separated from each other
✏️Begin to understand that letters play a special role in writing.
✏️Write some actual letters, especially the letters in their name
✏️May write their name
✏️May try different kinds of writing, like writing a list or a card
✏️May start to draw pictures and label them using letters or letter-like marks
During this stage, kids often reverse letters or mix them up. It might be tempting to fix your child's mistakes, but instead focus on the fun. Mistakes like this are common at this age and are part of the learning process. Encourage your child's writing and communication, and save the spelling lessons for when she's older.
🌍 Transitional stage: Letters start to become words (4 to 7 years)
✏️Hold pencil correctly and form letters accurately
✏️Know the sounds letters make and spell words based on how they sound
✏️Spell some common words that aren’t spelled the way they sound (often called sight words )
✏️Use different endings for the same word, like walks, walking, and walked
✏️Begin to write simple sentences with correct grammar
✏️By the end of first or second grade, write a page or more about personal experiences and what they’re learning in school
✏️May start using different types of writing, like narratives and opinion papers
🌍Fluent stage: Spelling starts to have meaning (5 to 6 years)
✏️Begin to use "dictionary" spelling rather than "invented" spelling
✏️Aware that different spellings can have different meanings
✏️Begin to memorize some words, especially tricky
Trying to push kids to this stage too quickly can sometimes inhibit them, as they feel the demand for perfect spelling. If you feel your child is struggling with the pressure to spell perfectly, a great way to alleviate the stress is to introduce the idea of drafts. You can emphasize that a first draft is just to get ideas out, and the second draft is to check spelling.
⚽🏐🏉🎖️🎗️🏵️🧩🎨🌏🌎🌓🌕🌗👨👩👦👨👩👧👩🏫👣🎓
📌Remark: Remember that all kids are different. A child might do well with one skill but still be a little behind with another. Struggling with writing doesn’t mean kids aren’t smart. Some kids just need more support to thrive as writers.
Best regards;
🏫 BabyBrain – IECS
babybrainschool@gmail.com
☎️☎️ – 0979 820 58 49, 0967 230 40 45
*****************************
Reference & Credit to: Khit Bhone Thit, Htay Ei Ei,Days with Grey., Gail Belsky, Tanja Mcilroy, Scholar Articles., Scientific reports & Google photos
#BabyBrainonlinelearning
#BabyBrainမိဘတွေဖတ်ဖို့မှတ်စု
#BabyBrainဆရာတွေဖတ်ဖို့မှတ်စု |